Image

ထွက်သင့်တဲ့အလုပ်ဆိုတာ

တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ကထွက်သင့် မထွက်သင့်ဆိုတာကိုမဝေခွဲနိုင်၊ ဆုံးဖြတ်ချက်မချနိုင်တဲ့ အချိန်တွေရှိတတ်ပါတယ်။ဒီအခါမျိုးမှာအောက်ကအချက်ကေလးတွေနဲ့ချိန်ညှိပြီး ထွက်သင့်မထွက်သင့်ကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

၁။ဒီအလုပ်ကို စိတ်မဝင်စားတော့ဘူး ဆိုလျှင်...
အလုပ်ဆိုတာ စိတ်ပါလက်ပါလုပ်မှအောင်မြင်မှာဖြစ်ပါတယ်။စိတ်'လုံးဝ'၀င်စားမှု့ မရှိခဲ့လျှင်တော့ အောင်မြင်မှု့နဲ့ဝေးနေမှာပဲဖြစ်ပါတယ်တစ်ခါတစ်ရံကိုယ်စိတ်ဝင်စားတဲ့အလုပ်မဟုတ်ပဲပိုက်ဆံကြောင့်လုပ်ကြရတဲ့လူတွေရှိတတ်ပါတယ်။ဒီလူတွေဟာ အစမှာတော့ အဆင်ပြေတယ်လို့ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဆင်မပြေမှု့ တွေဖြစ်လာတတ်ပါတယ်။

၂။ဒီအလုပ်ဟာ ဘယ်တော့မှ သင့်ကိုမပြုံးစေခဲ့လျှင်...
အလုပ်ဟာအြမဲတမ်းမဟုတ်တောင် တစ်ခါတစ်ရံတော့ကျေနပ်စေဖို့ လိုအပ်ပါတယ်။

၃။ဒီအလုပ်ဟာ သင့်အတွက်တိုးတက်ဖို့လမ်းမမြင်လျှင်...
ဒီအလုပ်မှာ သင်ဟာသိသင့်သိထိုက်တာအားလုံးကို တတ်မြောက်ပြီးပြီ။သင့်အတွက်ဘာမှ တိုးတက်စရာမရှိတော့ဘူးလို့သင်ထင်လျှင် ဒီအလုပ်ကထွက်သင့်ပါတယ်။

၎။အလုပ်လုပ်ရတာအမြဲငြီးငွေ့ဖို့ ကောင်းတယ်ထင်လျှင်...
တစ်နေ့လာလည်းဒီအလုပ်၊နောက်တစ်နေ့လည်းဒီအလုပ်အမြဲတမ်းတစ်ပုံစံတည်း
လုပ်နေရတဲ့အလုပ်ဖြစ်ပါက ရိုးအီသွားနိုင်ပြီးဘဝသေလိုဖြစ်သွားတတ်ပါတယ်။

၅။သင်ဘယ်လောက်လုပ်လုပ် တန်ဖိုးထားမခံရလျှင်။
သင်က ကြိုးစားပမ်းစားလုပ်ပါလျှက် တန်ဖိုးထားမခံရလျှင် အချိန်တစ်ခုပေးပြီးစောင့်ကြည့်ပြီး အသိပေးသင့်ပါတယ်။ဒါကိုမှ အသိအမှတ်ပြု မခံရလျှင်တော့ထွက်ဖို့ပဲရှိတော့ပါတယ်။

၆။သဘောထားမမှန်တဲ့ ၀န်ထမ်းတွေ၊အလုပ်ရှင်တွေနဲ့ ဆက်ဆံနေရလျှင်။
တစ်ခါတစ်ရံမှာ ပေါင်းသင်းဆက်ဆံလို့မကာင်းတဲ့ ၀န်ထမ်းတွေလုပ်ငန်းရှင်တွေနဲ့
တွေ့ရတတ်ပါတယ်။ဒီအခါမျိုးမှာ တတ်နိုင်သေလာက်သူတို့ကိုရှောင်ပြီး လုပ်သင့်ပါတယ်။ရှောင်လို့မရလို့အမြဲထိတွေ့နေရမယ်ဆိုရင်တော့ သင့်ကိုစိတ်ဒုက္ခတွေချည်းပဲ
ပေးနေပါလိမ့်မယ်။

၇။ဒီအလုပ်ဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေလျှင်။
ဝင်ငွေအများအပြားရပေမယ့်ဒီအလုပ်ဟာသင့်ရဲ့ကိုယ်စိတ်ကျန်းမာရေးကိုအမြဲထိခိုက်နေမယ်ဆိုရင်တော့ မလုပ်သင့်တော့ပါဘူး။

၈။သင့်တင့်တဲ့ဝင်ငွေမရလျှင်။
ပုံမှန်ဆိုရင်တော့ လူတိုင်းလိုလိုဟာ ရသင့်တဲ့ဝင်ငွေရတတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေကတော့ လုပ်ရတဲ့အလုပ်နဲ့ရတဲ့ဝင်ငွေ မမျှဖြစ်တတ်ပါတယ်။ ဒီအလုပ်မျိုးမှာလည်း မနေသင့်ပါဘူး။

၉။သင့်အတွက် အနားယူချိန်လုံလုံလောက်လောက်မရှိလျှင်။
ဘယ်အလုပ်မဆို သင့်တော်တဲ့အနားယူချိန်တော့ ရှိသင့်ပါတယ်။ Pressure အရမ်းများတဲ့အလုပ်တွေမှာတော့ ပိုလို့တောင်ရှိသင့်ပါသေးတယ်။ ဒီလိုမှမဟုတ်ပဲ အလုပ်ချည်းပဲဖိလုပ်နေပြီး သင့်တင့်တဲ့အနားယူချိန်မရှိပါက သင့်ဘဝကို လုံးပါးပါးသွားပါစေလိမ့်မယ်။
သင့်အလုပ်ဟာ အထက်ပါအချက်တော်တော်များများနဲ့ငြိနေမယ်ဆိုရင်တော့ ထွက်သင့်တဲ့အလုပ်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့လူတိုင်းလူတိုင်းဟာ ကိုယ့်အတွက် အကောင်းဆုံးအလုပ်ကိုလိုချင်ကြတဲ့သူချည်းပါပဲ။တကယ်တော့လုပ်သင့်တဲ့အလုပ် ,လုပ်ချင်တဲ့အလုပ် ,လုပ်နေတဲ့အလုပ်ဒီအချက်(၃)မျိုးနဲ့ထပ်တူကျမှသာအကောင်းဆုံးအလုပ်လို့ဆိုနိုင်ပါတယ်ဒါ့ကြောင့်ဒီအချက်၃မျိုးနဲ့ပြည့်စုံတဲ့အကောင်းဆုံးအလုပ်ကိုလုပ်နိုင်ဖို့ ကြိုးစားကြပါလို့တိုက်တွန်းလိုက်ပါရစေ...။

Post a Comment