အချစ်(လိင်)ဟာ ဆေးဝါး တစ်မျိုးပါ (အသက် (၁၈) ပြည့်မှ ဖတ်ပါ)
အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကိုအောင်နိုင်ပြီးနှလုံးရောဂါကိုကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။
၁။ အရွယ်တင်နုပျိုစေပါတယ် တစ်ပတ်ကိုအနည်းဆုံးလေးကြိမ်လိင်ဆက်ဆံမှုပြုလုပ်တဲ့လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖိုအတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို အာရုံကြောနဲ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။ “ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထုညစ်ညမ်းမှုကြောင့် ရရှိလာတဲ့ဓာတ်တိုးပစ္စည်းတွေကိုတိုက်ခိုက်နိုင်ပါတယ်ဒါကြောင့်အရေပြားCellနံရံတွေမပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာအရေးအကြောင်းတွေမပေါ်အောင်ကူညီနိုင်ပါတယ်” လို ဆက်ပြောပါတယ်။ ပိုမိုကောင်းမွန်အောင် ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲသင်ရဲ့ဇနီးမယားနဲ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမ များတာနဲ မိမိကိုယ်ကိုလုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲလင်မယားချင်း ပွေ့ဖက်တာနဲ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။
၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ် တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲတခြားဗိုင်းရပ်စ်ရောဂါတွေကိုကာကွယ်နိုင်တဲ့Antibodyဖြစ်တဲ့Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ ပိုမိုကောင်းမွန်အောင် ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။
၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ် အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကိုသုံးကြိမ်လောက်သာသုက်လွှတ်တဲ့အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။ ပိုမိုကောင်းမွန်အောင် တစ်နေတည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေစဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။
၎။ နာကျင်မှု ပျောက်စေပါတယ် လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို ဆိုပါတယ်။ပိုမိုကောင်းမွန်အောင်သင့်မှာနာကျင်မှုရှိနေရင်ကြမ်းတမ်းတဲ့လိင်ဆက်ဆံမှုကိုရှောင်ပါညင်ညင်သာသာနှေးနှေးကွေးကွေးနဲအချိန်ကြာတဲ့ဆက်ဆံနည်းကိုအသုံးပြုပါလိင်ဆက်ဆံမှုပုံစံအမျိုးမျိုးကိုပြောင်းပေးပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။
Source by : http://bluenavyblog.blogspot.com