Image

ဆေးလိပ်သောက်သုံးသူများ ဆေးလိပ်ပျက်ရန်နှင့် မသောက်သုံးရသေးသောလူငယ်များ
လုံးဝရှောင်ရှားနိုင်ရန် ရည်ရွယ်ပါသည် ....

ကျုပ်ရဲ့ အတွေ့အကြုံအရ ဆေးလိပ်ဆိုးကျိုး(အပေါ်ယံ)တွေက,

(၁) ပိုက်ဆံအပိုကုန် (၁၀၀%)
(၂) အရင်လို အားကစားမလုပ်နိုင် (၁၀၀%)
(၃) မကြာခဏခေါင်းကိုက် (၅၀%)
(၄) ပိန် (၈၀%)
(၅) မိမိရဲ့ ဆေးလိပ်ငွေ့ကြောင့် ပတ်ဝန်းကျင်ထိခိုက် (၁၀၀%)
(၆) အသက်တို (၉၀%)

ဆေးလိပ်ဖြတ်လိုက်ခြင်းနဲ့ မသောက်ခြင်းရဲ့ အကျိုးတွေကတော့,

(၁) ဆေးလိပ်အတွက် ပိုက်ဆံအပို မကုန်တော့ဘူး
(၂) မိမိမှာ မွေးရာပါရောဂါမရှိရင် အများနည်းတူ အားကစားလုပ်နိုင်
(၃) မိမိကြောင့် ပတ်ဝန်းကျင် မထိခိုက်နိုင်

ဆေးလိပ်ဖြတ်ပြီးနောက် ~

(၄) ၈ နာရီအကြာတွင် ခန္ဓာကိုယ်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်အပိုများ ကုန်စင်သွားခြင်း

(၅) ၅ ရက်အကြာ ခန္ဓာကိုယ်အတွင်းမှ နီကိုဒင်းများ ကုန်စင်သွားခြင်း

(၆) တစ်ပတ်ကြာတွင် ခံတွင်းနံ့ကောင်းမွန်လာခြင်း

(၇) ၃ လအကြာတွင် အဆုတ်သည် မိမိကိုယ်တိုင် သန့်ရှင်းရေးလုပ်နိုင်သော စွမ်းရည်ပြန်လည် မြင့်တတ်လာခြင်း

(၈) ၆ လကြာသော် အဆုတ်သည် ယခင်အခြေအနေထက် ၃၀% ပြန်လည်ကောင်းမွန်လာခြင်း

(၉) ၉ လကြာသော် နှလုံးရောဂါဖြစ်နိုင်ခြေကို တစ်ဝက်တိတိ လျှော့ချပေးခြင်းတို့ပဲ ဖြစ်ပါတယ်

အဲဒါကြောင့် မိမိကိုရော ပတ်ဝန်းကျင်ပါ ထိခိုက်နိုင်တဲ့ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးကို အတတ်နိုင်ဆုံး
ရှောင်ရှားဖြတ်ပစ်ဖို့ စေတနာသန့်သန့်ဖြင့် တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ ....

ဆေးလိပ်မသောက်သင့်သော နေရာများကိုလည်း တစ်လက်စတည်း တင်ပြပါရစေခင်ဗျာ
(ဆရာလုပ်တယ် မထင်စေချင်ပါ)

• ကလေးငယ်များအနီး
• သက်ကြီးရွယ်အိုများအနီး
• လူထူထပ်သောနေရာများ
• လုံနေသောနေရာများ
• ဘုရားပရဝဏ်အတွင်း
• ကားအတွင်း
• အဲကွန်းအခန်းအတွင်း
• အားကစားခန်းမနှင့် ၎င်းနှင့်အနီးဆုံး Area

သင့်ရဲ့တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြည့်စုံစွာ ဖြတ်သန်းနိုင်ပါစေ....

Post a Comment