Image

European Telecommunication Standards Institute မှ ပေးသောအမည် Subscriber Identification Module ခေါ် SIM သည် smart ကဒ်တစ်မျိုးဖြစ်သည်။ ၄င်းမှာ OS တစ်ခုပါဝင်သော အလွန်သေးငယ်သည့်ကွန်ပျူတာတစ်ခုနှင့်တူသည်။ SIM ကဒ်ကို ၁၉၉၂ တွင် Giesecke & Devrient (Munich) မှပြုလုပ်ခဲ့ခြင်းဖြစ်သည်။ SIM အြပင်ပိုင်း ကဒ်မျက်နှာပြင်တွင် ကွန်ယက်ထောက်ပံ့သူ၏ အမည် နှင့် သတ်မှတ်ထားသော ID နံပါတ်ပါဝင်သည်။ SIM ကဒ်၏ chip ပြားကို CPU၊ RAM၊ ROM နှင့် GSM အသွင်အြပင်တို့ဖြင့် ဖွဲ့စည်းထားသည်။ RAM ထဲတွင်ဖုန်းလိပ်စာများနှင့် text messages အချို့ကိုသိမ်းဆည်းရန်အတွက်အသုံးပြုသည်။ ROM မှာလျှပ်စစ်မလိုသော ( Non-volatile ) memory အမျိုးအစားဖြစ်ပြီး ၄င်းတွင် IMSI နံပါတ် ( ကွဲပြားသောကွန်ယက်များကိုခွဲထုတ်ရန်) ၊ PIN Locking နှင့် Unlocking အတွက် ICCID နံပါတ် ( ဂဏန်း ၂၀ သို့မဟုတ် ၁၉ လုံးပါဝင် )၊ အေရးပေါ်နံပါတ်၊ Service Provider နံပါတ်နှင့် Value Added Services Application စသည်တို့ပါဝင်သည်။ SIM ကဒ်များသည် ဗို့အား 5V၊ 3V နှင့် 1.8V တို့နှင့်အလုပ်လုပ်သည်။ SIM ကဒ်များတွင် 32KB မှ 128KB အထိသိုလှောင်နိုင်စွမ်းအမျိုးမျိုးရှိသည်။ SIM ကဒ်တွင် Contacts ပေါင်း ၂၅၀ ခန့်သိုလှောင်နိုင်သည်။

သင်ဖုန်းအသစ်တစ်လုံးဝယ်တော့မည်ဆိုလျှင် ဖုန်း၏စံနွုန်းကိုလိုက်၍ SIM ကဒ်ကို ၄ မျိုးခွဲခြားရမည်ဖြစ်သည်။ ၄င်းတို့မှာ - Standard SIM, Micro SIM, Nano SIM#A နှင့် Nano SIM #B တို့ဖြစ်သည်။ 

SIM ကဒ်များပေါ်ရှိ ရွေရောင်အပိုင်းများမှာ အဓိက ဆားကစ် အပိုင်းများဖြစ်ပြီး အနက်ရောင်လိုင်းများက ၄င်းဆားကစ်ပိုင်းများတစ်ခုနှင့်တစ်ခုလျှပ်ကူးခြင်းကိုကာကွယ်ပေးထားခြင်းဖြစ်သည်။

Post a Comment