Image


ဝန်ကြီး ဆိုသော ရာထူးမှာ သမိုင်းမှတ်တမ်း အရ ညောင်ရမ်းခေတ် ကစတင်ပေါ်ပေါက်ခဲ့သည် ဟု သိရပါတယ်။ ထိုမတိုင်ခေတ်က ၀န်ကြီး အစား နန်းတွင်း အမတ်ဟုခေါ်ဝေါ်သုံးစွဲလေ့ရှိပါတယ်။ အများအားဖြင့် နန်းတွင်းထိပ်တန်း အရာရှိရာထူးများအား အမျိုးသားများကိုသာ ခန့်အပ်
လေ့ရှိပါတယ်။ သို့သော်လွတ်လပ်ရေးရြပီးနောက်ပိုင်း ပေါ်ပေါက်လာ သော မြန်မာနိုင်ငံ အစိုးရအဖွဲ့တွင် ပထမဦးဆုံးသော အမျိုးသမီး ၀န်ကြီး ကို ခန့်အပ်ခဲ့ပါတယ်။ သူမရဲ့ နာမည်ကား မစ္စက်ဘေမာင်ချိန်..။

၁၉၅၂ ခုနှစ်၊ မတ်လ၌ ပထမဆုံးသော ရွေးကောက်ပွဲနှင့် တက်ရောက် လာတဲ့အမတ်များကို အစိုးရအဖွဲ့ဖွဲ့ရာ ကရင်အမျိုးသမီး မစ္စက်ဘေမာင် ချိန်ကို ကရင်ပြည်နယ်ဝန်ကြီး အဖြစ်ခန့်အပ်ခဲ့ပါတယ်။ မစ္စက်ဘေမာင်ချိန် ၏ အမည်ရင်းကား ကလယ်ရီဗဲလ်အိုင်ရင်းဖိုး ဖြစ်သော်လည်း ခင်ပွန်းဖြစ် သူ ဘေမာင်ချိန်အမည်နှင့်ပင် ထင်ရှားသူဖြစ်ခဲ့ပါတယ်။


ပုံ- ထိုင်ခုံ ဘယ်မှညာ-၀န်ကြီး မစ္စက်ဘေမာင်ချိန်၊ ၀န်ကြီး စပ်ခွန်ချို၊ ၀န်ကြီးချုပ်ဦးနု၊ သမ္မတ ဒေါက်တာဘဦး၊ ၀န်ကြီး ဦးဗေဆွ ၊ ၀န်ကြီး ဦးတင်

 

ကရင်အမျိုးသမီးဖြစ်သူ မစ္စက်ဘေမာင်ချိန်ကို ၁၉၀၅ ခုနှစ်တွင် ပုသိမ် ၌မွေးဖွားခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် လမ်းအေရးပိုင် ဦးဘေမာင်ချိန် နှင့် လက်ထပ်ရာမှမစ္စက်ဘေမာင်ချိန် ဆိုပြီး ဖြစ်လာပါတယ်။ အေဘီအမ် သာသနာပြုကျောင်းတွင် ပညာဆည်းပူးခဲ့ပြီး ဂျပ်ဆင်ကောလိပ်မှ ဘီအေဘွဲ့၊ ဆရာဖြစ်သင်ကောလိပ်လက်မှတ်များ ရရှိကာ အထက်တန်းပြ ဆရာမအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ပုသိမ်၊ ပခုက္ကူ၊ ရန်ကုန်မြို့ များသို့ ပြောင်းရွေ့ကာ ကျရာတာဝန်များထမ်းဆောင်ရင်း ၁၉၅၂ ခုနှစ် တွင် ဟံသာဝတီ ခရိုင်မှ အရွေးခံကာ အောက်လွှတ်တော် အမတ်ဖြစ်လာခဲ့ပါတယ်။ ထိုမှတစ်ဆင့် ၀န်ကြီးဖြစ်ကာ နိုင်ငံရေး လှုမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။

လူမှုရေးလုပ်ငန်းများကို အပြည့်အဝလုပ်ဆောင်နိုင်ရန်အတွက် ၁၉၅၃ ခုနှစ်တွင် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်ကာ YWCA ဒုတိယဥက္ကဌ၊ အာရှ တိုက်
ခရစ်ယာန်အသင်း၏ အမှုဆောင်လူကြီး တာဝန်များကို ထမ်း ဆောင်ကာ လူမှုရေးလုပ်ငန်းများ စေတနာ့ဝန်ထမ်း အသင်းများတွင် အားသွန်ခွန်စိုက် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။် အသက်ရလာတဲ့ အထိ စေတနာ့ လူမှုလုပ်ငန်းများကို ထမ်းဆောင်ရင်း အသက် ၉၀( ၁၉၉၄ ခုနှစ် ) ခုနှစ်တွင် ကွယ်လွန်သွားခဲ့တယ် ဟုသိရပါတယ်။

ကိုးကား။ မြန်မာ့စွယ်စုံကျမ်း
YWCA စာမျက်နှာ


Post a Comment