Image

ပထမဆုံးအင်္ဂလိပ်မြန်မာအဘိဓာန်ကိုရေးခဲ့သူမှာ"မက္ခရာမင်းသား"ဖြစ်ပါတယ်ဘိုးတော်(ဗဒုံမင်း)ရဲ့သားတော်ဖြစ်ပြီး ငယ်မည် မောင်ပျိုး၊ ဘွဲ့အမည်မင်းရဲကျော်စွာဖြစ်သည်မက္ခရာမြို့ကိုစားရေသာကြောင့် မက္ခရာမင်းသားဖြစ်လာပါတယ်ဘကြီးတော်(ပုဂံမင်း)နှင့်သာယာဝတီမင်းတို့ရဲ့ဦးလေးတော်စပ်သူလည်းဖြစ်ပါတယ်မြန်မာနိုင်ငံကိုခေတ်သစ်ထူထောင်လိုသူအဖြစ်လည်းကောင်းအင်္ဂလိပ်မြန်မာအဘိဓာန်ကိုပြုစုသူအဖြစ် လည်းကောင်း ထင်ရှားပါတယ်။
ဒေါက်တာဂျပ်ဆင်ရဲ့မှတ်တမ်းအရဆိုရင်တော့မင်းသားကြီးမှာရုပ်ရည်ချောမောသော်ငြားခြေလက်တို့မှာလေဖြတ်ထားသဖြင့်မသန်မစွမ်းဖြစ်နေသူဖြစ်ပါတယ်သို့သော်ဘ၀ကိုအရှူံးမေပးပဲနိုင်ငံနှင့်လူမျိုးအကျိုးကိုအစွမ်းကုန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်ထိုခေတ်မြန်မာများသည်ခေတ်မမီကျသေးကမ္ဘာလုံးသည်ဟူသောအချက်ကို လက်မခံကြသည်ကို မင်းသားကြီး က ကောင်းစွာသတိပြုမိခဲ့ပါတယ်။နေပြည်တော်ရောက် တိုင်းတပါးသား လူမျိုးများနှင့်ဆက်ဆံရာမှ ခေတ်မီပညာရပ်များသေဘာကို သိရှိနားလည်ခဲ့ ပါတယ်။တစ်ဖက်ကလည်း နယ်ချဲ့တို့ရဲ့ရန်ရှိနေသေးတော့ ခေတ်မီမှနယ်ချဲ့ကို တွန်းလှန်နိုင်မယ်လို့လည်းမြင်ခဲ့ဟန်တူပါတယ်။ထို့နောက်တော့မြန်မာများခေတ်မီရေးကို အစွမ်းကုန်ဆောင်ရွက်ပါတော့တယ်။
ပထမဆုံးကုန်သည်ကြီးမစ္စတာရော်ဂျာထံမှအင်္ဂလိပ်စာကိုသင်ယူခဲ့ပြီးအင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့အနောက်တိုင်းဝိဇ္ဇာသိပ္ပံပညာရပ်များကိုလေ့လာခဲ့ပါတယ်ရီးရဲ့စွယ်စုံကျမ်း(Ree'sEncyclopedia)ကိုအဓိကထားလေ့လာခဲ့ပါတယ်ထို့နောက်မြန်မာများလေ့လာနိုင်ရန်သိပ္ပံပညာရပ်အချို့ကိုမြန်မာဘာသာ ပြန်ဆိုခဲ့ပါတယ်။ဂဏန်းသင်္ချာတွက်နည်းကိုလည်း မစ္စတာလိန်းထံမှ ထပ်မံသင်ယူခဲ့ပြန်ပါတယ်။မင်းသားကြီးသည် ပညာဗဟုသုတကို အထူးလိုလားသူဖြစ်ပါတယ်။
အင်္ဂလိပ်ဗိုလ်မှူးကြီး ကာနယ်ဗေးကတော့ "ကျွန်ုပ်သည်မင်းသားကြီး၏ဗဟုသုတစုံလင်ပုံကိုမချီးမွမ်းပဲမ နေနိုင်ပါမြန်မာတွင်ဒီလိုလူမျိုးရှိနေမယ်လို့လည်းမထင်ခဲ့ပါသူ့လိုမျိုးပညာဗဟုသုတကိုအငတ်မပြေသိကျွမ်းလိုသူမျိုးလည်းမတွေ့ဖူးပါ"လို့တလေးတစားရေးသားထားပါတယ်မင်းသားကြီးသည်ဆုံသမျှလူတိုင်းထံမှပညာဗဟုသုတကိုဆွေးနွေးရယူတတ်သူဖြစ်ပါတယ်ဂျွန်ဆင်ရဲ့အင်္ဂလိပ်အဘိဓာန်ကိုအခေါက်ခေါက်လေ့လာပြီးချိန်မှာတော့မြန်မာတို့အတွက်အထောက်အကူရစေရန်အလို့ငှာမစ္စတာလိန်းရဲ့အကူအညီနဲ့အင်္ဂလိပ်မြန်မာအဘိဓာန်ကို၁၈၄၁ခုနှစ်မှာထုတ်ဝေနိုင်ခဲ့ပါတယ်ယင်းအဘိဓာန်ကိုတစ်ကြိမ်သာရိုက်နှိပ်ခဲ့သဖြင့် ယခုအခါရှားပါသွားပါပြီ။ အမေရိကန်ဝါရှင်တန်မြို့ ကွန်ကရက်စာကြည့်တိုက် နှင့် ရန်ကုန် ယဉ်ကျေးမှု့ ဌာနအမျိုးသား စာကြည့်တိုက်တွင်တော့ တစ်အုပ်စီကျန်နေသေးကြောင်း သိရပါတယ်။
မင်းသားကြီးဟာဆေးကျမ်းဓာတ်ကျမ်းဗေဒင်ကျမ်းပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း(၂၃၄)ကျမ်းခန့်ကိုလည်းမြန်မာဘာသာသို့ပြန်ဆိုခဲ့ပါသေးသည်ကမ္ဘာ့သိပ္ပံအသင်းကြီးတစ်သင်းဖြစ်တဲ့ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ်ရွးချယ်ခံခဲ့ရသူလည်းဖြစ်ပါသည်မင်းသားကြီးသည်ပညာထက်မြက်ရုံမကသိက္ခာသမာဓိနှင့်လည်းပြည့်စုံသူဖြစ်ပါတယ်။ဘကြီးတော်(ပုဂံမင်း)ကို သာယာဝတီမင်းသားကပုန်ကန်သောအခါ စေ့စပ်ဆွေးနွေးရာတွင် မက္ခရာမင်းသားကြီးမှပင်ဦးဆောင်ခဲ့ပါတယ်။မင်းသားကြီးသည် ၁၇၉၃ခုနှစ်တွင်ဖွားမြင်ပြီး ၁၈၄၈ခုနှစ်တွင် လွန်ခဲ့ပါတယ်။
မှတ်ချက်။ ။မင်းတုန်းမင်းရဲ့သားတော် မက္ခရာမင်းသားနောက်တစ်ပါး လည်းရှိပါသေးတယ်။

Post a Comment