Image

ဖိုမ ဆက်ဆံစဉ် အမျိုးသမီးများ အထွဋ်အထိပ်အရသာ ခံစားမှုကို ဘယ်လိုရနိုင်မလဲ... (+18)

ယနေ့ခေတ်၏ တွေ့ကြုံရ အများဆုံးသော လူတိုင်း၏ ဆန္ဒသည် ချစ်မှုရေးရာတွင် ကောင်းမွန်သော ဖိုမဆက်ဆံမှုတစ်ရပ်အတွက်စနစ်တကျလိုက်နာဆောင်ရွက်ခြင်းမရှိသောကြောင့်ကျေနပ်သင့်သလောက် မကျေနပ်ရသည်များကို တွေ့ကြုံနေကြရသည်။ ကျေနပ်မှု အမြင့်ဆုံးအဆင့် (အထွဋ်အထိပ်) အရသာသို့ ရောက်ရှိခြင်းသည် အလိုအလျောက် ရောက်ရှိလာရခြင်းမျိုး မဟုတ်ဘဲ ပျိုးယူမှသာ ရနိုင်သည့် ကျေနပ်မှု အရသာ ကောင်းမျိုး ဖြစ်သည်။

အမျိုးသမီးများအနေဖြင့်သာမန်ကျေနပ်နှစ်သိမ့်မှုဖြင့်ကျန်ရစ်နိုင်ခဲ့သည့်တိုင်အောင်သူမ၏လိင်ဆက်ဆံဖေါ် အနေဖြင့် ကျေနပ်မှု ရချင်မှလည်း ရနိုင်ပေမည်။ အဘယ်ကြောင့် ဆိုသော် သူမအနေဖြင့် လိင်ဆက်ဆံမှု၏ အရသာထူးကို အပြည့်အ၀ ခံစားတတ်သော အပြုအမူ မရှိခြင်းသည် တစ်ဖက် အမျိုးသား အတွက် စိတ်အနှောင့်အယှုက် ဖြစ်စရာ ဖြစ်သည်(ခံစားမှုကောင်းနေပါကကောင်းနေသည့် အပြုအမူမျိုး မရှိခြင်း မရှိဘဲ သစ်တုံးတစ်တုံးကဲ့သို့ ပြုမူနေခြင်းကို ဆိုလိုသည်။)  ဖိုမ ဆက်ဆံရေးသည် လူသားတိုင်း အတွက် နှစ်သိမ့် ကျေနပ်မှုကို အပေးနိုင်ဆုံးသော အရာဖြစ်ပြီး အလုပ်တစ်ခုကဲ့သို့ ပြီးလွယ် စီးလွယ်နှင့် ဖြစ်မြောက် လောက်ရုံ ဆောင်ရွက်သင့်သော ကိစ္စမျိုး မဟုတ်ပေ။

မိမိတို့၏ချစ်ဖေါ်နှင့်ဆက်ဆံကြသောအမျိုးသမီးအများစုသည်တစ်ကြိမ်မှအထွဋ်အထိပ်မရောက်ဖူးသူများ ရှိသလို အလွန်နည်းပါးသော စိတ်ကျေနပ်မှုသာ ရခြင်းများလဲ ရှိတတ်ကြသည်။ ထိုရလဒ်များ၏ အဖြေသည် စိတ်အနှောင့်အယှုက် ဖြစ်စေခြင်းသို့ ပြောင်းလည် ဦးတည် သွားတတ်ပြီး ကာမ၏ အရသာကို နှစ်သက် ခံစားတတ်ခြင်းလည်း လျော့နည်း သွားတတ်ပေသည်။

အမျိုးသမီးများ၏လိင်ဆက်ဆံမှုအပေါ်နှစ်သက်ကြပုံမှာတစ်ဦးနှင့်တစ်ဦးမတူဘဲကွဲပြားနေခြင်းကလည်း ပြဿနာ တစ်ခုဖြစ်သည်။ တစ်ချို့မှာ ချစ်မှုရေးရာကိုပွင့်လင်းစွာခံစားတတ်ကြပြီးတစ်ချို့မှာမပွင့်တစ်ပွင့်နှင့် အလိုမကျမှုများကိုသာ ဖေါ်ပြ လိုတတ်ကြသည်။ ထိုသို့ ဖြစ်ပျက်ခြင်း၏ အခြေခံ အကြောင်းအရာမှာ မိဘများ အနေဖြင့် သမီးပျိုများကို ကိုယ်ဝန်ရရှိသွားမည် စိုးရိမ်သောကြောင့် အလွန်အကျုံ ဖိနှိပ်ချူပ်ချယ်မှုများ ရှိခဲ့ခြင်း ကလည်း တစ်ကြောင်း အဖြစ် ပါဝင်သည်။

ချူပ်ချယ်မှုများဖြင့် ကြီးထွားလာကြသော မိန်းမပျိုများသည် လိင်ဆက်ဆံဖေါ် တစ်ဦှးနှင့် ရင်ဆိုင်ကြုံတွေ့ လာရပါကဘယ်ကစ၍ဘာကိုလုပ်ရမှန်းမသိတော့ဘဲအရှက်သည်းမှုများကြောင့်လိုရင်းမရောက်သည်များ ဖြစ်လာရသည်။  အထွဋ်အထိပ် အတွေ့အကြုံ မရှိဖူးသောအမျိုးသမီးများသည်သူမတို့ကိုယ်တိုင်၏ ကျေနပ် နှစ်သိမ့်မှုကိုလည်း မရှာဖွေတတ်ကြသလို လိင်ဆက်ဆံဖေါ်၏ကျေနပ်နှစ်သိမ့်မှုအတွက်လည်း မည်သို့ မည်ပုံ ပံ့ပိုးရမည်ကို နားလည် တတ်သိမှု မရှိကြချေ။ 

လိင်မှု ကိစ္စ ဆိုသည်မှာ တစ်ဦးတည်း ပြီးမြောက် ပျော်ရွှင်၍ ရသော ကိစ္စမျိုး မဟုတ်ဘဲ ပူးပေါင်း ပါဝင်မှု ရှိမှသာ ကောင်းမွန်သည့် ခံစားချက်မျိုး ရှိလာမည့် ကိစ္စမျိုး ဖြစ်သည်။လိင်ဆက်ဆံသည့်သူများအနေဖြင့် ဆက်ဆံနိုင်သည့် အသက်အရွယ် ခန္ဓာကိုယ် အနေအထားရှိပြီ ဆိုပါက မိမိကိုယ်ကိုယ် မိမိ မည်သည့် ကာမအင်္ဂါများကိုလှုံ့ဆော်နှိုးဆွပါကပိုမိုထိရောက်မှုရှိသည်ကိုသိရှိထားရန်မိမိကိုယ်မိမိအသိပေးထားရန် လိုအပ်သည်။ ထိုကဲ့သို့ အသိပေးခြင်းသည် မှားယွင်းသောလှုံ့ဆော်မှုမျိုးမဟုတ်ဘဲလိင်ပိုင်းဆိုင်ရာ ကုသသူများပင်လျင် ဆေးညွန်း တစ်ခုအဖြစ် အသုံးပြုနေသော အခြေခံ အချက်တစ်ခု ဖြစ်သည်။

အမျိုးသမီး၏ယောနိအင်္ဂါတစ်ခုလုံးကိုနှိုးဆွခြင်းသည်သာလိင်စိတ်ထကြွစေသည်မဟုတ်ဘဲလွန်းပုံသဏ္ဍန်ရှိသောအင်္ဂါ၏ထိပ်(အစေ့)ကလေးကိုအနည်းငယ်နှိုးဆွရုံမျှပင်ခံန္ဓာကိုယ်အတွင်းပိုင်းမှအာရုံကြောများနှိုးကြွလာခြင်း၏အထွဋ်အထိပ်အရသာကိုခံစားရရှိနိုင်ပေသည်ထိုကဲ့သို့နှိုးကြွမှုသည်တစ်မြေ့မြေ့နှင့်အရိုင်းဆန်သောအသွင်သို့ကူးပြောင်းသွားပြီးကျေနပ်မှုပြည့်ဝသွားပါကငြိမ်သက်မှုနှင့်ပြေလျော့သော ခံစားမှုများကိုရရှိနိုင်သည်အချို့သောအမျိုးသမီးများသည်မိမိကိုယ်တိုင်စိတ်အာသာဖြေလျော့ခြင်းများကို လေ့လာ နားလည် ထားကြပြီး အထူးသဖြင့် ဆယ်ကျော်သက် များတွင်ပိုမိုနားလည်လွယ်ကြသည်။

ထိုသို့ ကိုယ်တိုင် စိတ်ဆန္ဒဖြေဖျောက်သော အလေ့အကျင့် ရှိသူများသည် လိင်ဆက်ဆံဖေါ်မှ ထိုကဲ့သို့ နှိုးဆွပေးသော အခါမျိုးတွင် အပြည့်အ၀ မကျေနပ် ကြသူများလည်း ရှိကြသည်။ ထိုသို့ နှိုးဆွမှုသည် တုန်ရင်သော ခံစားမှုကို အဓိက ခံစားရလေ့ရှိကြောင်း အထက်တွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်မိမိကိုယ်တိုင် လုပ်ဆောင် ခံစားနိုင်သော ထိုသို့ နှိုးဆွမှုမျိုးကို အခြားသူ တစ်ဦးဦး၏ အကူအညီဖြင့်လည်းရယူလိုစိတ် မရှိကြတော့ပေ။ ထို့ကြောင့်တစ်ဦးတည်းကဦးဆောင်၍နှိုးဆွခြင်းမျိုးကိုပြုမူခြင်းထက်ကာမဆက်ဆံဖေါ် နှစ်ဦးစလုံးက အပြန်အလှန် ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ နှိုးဆွခြင်းသည်သာ အထိရောက်ဆုံး ဖြစ်သည်။

ထိုသို့ နှိုးဆွရာတွင် ခရမ်သို့မဟုတ်အဆီတစ်မျိုးမျိုးကိုသုတ်လိမ်းပြီးတစ်ဦးနှင့်တစ်ဦးပွတ်နယ်ပေးခြင်းကို စုံတွဲအတော်များများနှစ်သက်ကြသည်နှိုးဆွမှုမှအခြေအနေတစ်ခုသို့ရောက်ရှိပြီဆိုပါလျင်လိင်ဆက်ဆံနိုင်သော ခန္တာကိုယ်အစိတ်အပိုင်းများကိုပိုမိုထိတွေ့ပွတ်သတ်ပေးခြင်းဖြင့်နှစ်ဦးစလုံး၏စိတ်ကျေနပ် နှစ်သိမ့်မှုကို ရယူရန် အသင့်ဖြစ်နေပြီ ဖြစ်သည်ယခုခေတ်၏အမျိုးသမီးများတစ်ကိုယ်ရေဖျော်ဖြေမှုတွင် အသုံးပြုသည့်ကျားအင်္ဂါအတု(Vibrator)သည်အလွန်ခြားနားသောကာမတုန့်ပြန်မှုများကိုပေးလေ့ရှိသည်။

ကျားအင်္ဂါအတု၏ပုံစံပြုလုပ်မှုတွင်လျပ်စီးလမ်းကြောင်းတစ်ခုဖြင့်စီမံထားသောသွားပွတ်တံအငယ်ကလေး တစ်ခုကဲ့သို့ ရာဘာသားဖြင့် အမျိုးသမီး၏ အထွဋ်အထိပ်ရောက်နိုင်သော အင်္ဂါအစေ့လေး ထိပ်နှင့် တစ်ထပ်တည်းကျနေစေရန်ဖန်တီးထားပြီးထိုစက်ကိုအသုံးပြုနေချိန်ကာလတစ်လျောက်တွင်ဖေါ်မပြနိုင်သော ကျေနပ်မှုများဖြင့် စခန်းသွား နေရမည်ဖြစ်သည်။ အချို့သော အမျိုးသမီးများသည် တစ်ကိုယ်ရေ ဖျော်ဖြေမှုကိုလိင်အင်္ဂါအတု၏အကူအညီဖြင့်အလွန်အကျွံခံစားထားပါကလိင်ဆက်ဆံချိန်တွင်အလားတူ ကျေနပ်နှစ်သိမ့်မှုမျိုး ရရှိနိုင်တော့မည် မဟုတ်ဘဲ အားမလို အားမရ ဖြစ်သွားတတ်သည်။

လိင်ဆက်ဆံသူတိုင်း၏ပြီးပြည့်စုံသောပျော်ရွှင်မှုမှာနှစ်ဦးစလုံးအပြန်အလှန်ကြင်နာမှုဖြင့်စတင်ခဲ့ပြီးဆုံး စတင်ခဲ့ပြီး ဆုံးခန်းတိုင် အထွဋ်အထိပ် အရသာကို ရှေ့ဆင့် နောက်ဆင့် အတူတကွ ခံစားရရှိခြင်းကို တွေ့ကြုံရမှသာ လိင်မှုဆက်ဆံရေး၏အနှစ်အရသာကိုခံစားကြရမည်ဖြစ်သည်အမျိုးသားများအနေဖြင့် မိမိ၏ နှိုးဆွမှုသည် အမျိုးသမီးအပေါ် အရာမထင် ဖြစ်နေပါက ထိုအခြေအနေသည် အရေးတစ်ကြီး ပြဿနာ တစ်ခုမဟုတ်ဘဲ အခြားသော အဆင်ပြေနိုင်မည့်နှိုးဆွမှုပုံသဏ္ဍတစ်မျိုးကိုထိုအချိန်တွင်ပြောင်းလဲ စမ်းသပ်ကြည့်နိုင်သည်။

လိင်ဆက်ဆံမှုတွင်အမျိုးသားများအနေဖြင့်အမျိုးသမီး၏ပါဝင်လာလိုစိတ်နှိုးဆွခြင်းသည်အလွန်အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည်အမျိုးသားများအနေဖြင့်မည်သည့်အခြေအနေတွင်အမျိုးသမီးများ အထွဋ်အထိပ် အနေအထားကို ရောက်ရှိသည် ဆိုသည်ကိုလည်း တတ်သိ နားလည်ထားရန် လိုအပ်သည်။ ထိုကဲ့သို့ နားလည်ထားမှသာ သူမ၏ ကြွက်သားများကို အထိအခိုက်မရှိဘဲ လိုတိုး ပိုလျော့ ဆက်ဆံမှု ပုံသဏ္ဍန်သို့ လမ်းကြောင်း ပြောင်းပေးနိုင်မည် ဖြစ်သည်။ ဥပမာ အားဖြင့် သူမ၏ နောက်ကြောများ ကွေးညွတ်လာပြီးဦးခေါင်းအနောက်လန်သွားသည့်အချိန်သည်သူမ၏အထွဋ်အထိပ် ခံစားမှု အမြင့်ဆုံး ရောက်၇ှိရန် အကောင်းဆုံး အခြေအနေ ဖြစ်သည်။

သူမ၏ကျေနပ်မှုကိုအလိုက်သင့်ပုံစံဖြင့်ထိန်းပေးထားနိုင်ပါကသူမသည်ပြီးပြည့်စုံသောအကောင်းဆုံးသော ကာမ ဆက်ဆံမှု ရရှိစေမည် ဖြစ်သည်။  အမျိုးသမီးများအနေဖြင့် လိင်မှုကိစ္စ ဆက်ဆံတိုင်းတွင် စိတ်ကျေနပ်မှု အပြည့်အဝေ ရရှိခြင်းမှာ တစ်ဆင့်ပြီး တစ်ဆင့်သာ ဖြစ်လေ့ရှိပြီး အကြိမ်တိုင်း ဖြစ်လေ့ မရှိချေ။ အချို့သော စုံတွဲများသည် ၄င်းတို့နှင့် သင့်တော်မည့် လိင်ဆက်ဆံမှု ပုံစံများကို မကြာခဏ ဆိုသလို ပြောင်းလဲ ဆက်ဆံခြင်းဖြင့် ကျေနပ်မှု ရရှိရန် ကြိုးစားလေ့ ရှိကြသည်။

လိင်မဆက်ဆံမှီ အရက် အလွန်အကျွံသောက်သုံး ခြင်းသည် အမျိုးသမီး၏ ယောနိအင်္ဂါမှ ထွက်သော အရည်ခြောက်ခမ်းမှုကိုဖြစ်စေပြီးလိင်အင်္ဂါများသို့သွေးပို့လွှတ်သောပမာဏကိုလည်းလျော့နည်းစေသည်။ ထိုသို့ နည်းပါးခြင်းကအမျိုးသမီး၏လိင်ဆက်ဆံချိန်ကာလတွင်နာကျင်ခြင်းများကိုဖြစ်ပေါ်စေသည်။  အမျိုးသမီးများတွင် အထွဋ်အထိပ် ရရှိချိန် နည်းပါးသော အခြား အကြောင်းပြချက်များ အဖြစ် ကလေး မွေးဖွါးပြီး ကာစ သို့မဟုတ် ရာသီသွေး ဆင်းပြီးကာစ အချိန်များတွင် ဖြစ်လေ့ရှိသည်။ စိတ်ကျရောဂါ ခံစားနေရချိန်တွင်လည်း ကာမ ဆက်ဆံခြင်းများကို လိုလားနှစ်သက်ခြင်း ရှိလိမ့်မည်မဟုတ်ပေ။အခြား အကြောင်းတစ်ခုမှာ ဆိုးရွားသော လိင်ဆက်ဆံဖေါ်နှင့် ကြုံတွေ့ခဲ့ဖူးသည့် အမျိုးသမီးများတွင်လည်း အထွဋ်အထိပ် အရသာကို ခံစားနိုင်ခြင်း နည်းပါးကြသည်။
     #Credit : Original #

Post a Comment