Image



၁။ အကျိုးအမြတ်မယူသောအဖွဲ့များသို့လှူဒါန်းနိုင်ခြင်း



FB Page မှတစ်ဆင့် ပရဟိတအဖွဲ့များသို့ငွေကြးလှူဒါန်းနိုင်သည်ကိုသင်သိပြီးပြီလား။ လှူဒါန်းနိုင်သောအဖွဲ့များတွင် the American Cancer Society, American Red Cross, World Wildlife Fund နှင့် Malaria No More စေသာအဖွဲ့များလည်းပါဝင်ပါသည်။ ပါဝင်ရန်အတွက် ၄င်း page တို့ထံသွားရောက်ပြီးနောက် cover photo ညာဘက်ထောင့်ရှိ More ကိုနှိပ်ပြီး Donate Now ကိုရွေးချယ်နိုင်သည်။ ထို့နောက် လှူဒါန်းလိုသော ငွေကြးပမာဏနှင့် payment အချက်အလက်ကိုရေးသွင်းရမည်ဖြစ်ပါသည်။



၂။ ဖျက်ခဲ့ပြီးသောအကြောင်းအရာကိုပြန်လည်ရယူနိုင်ခြင်း



Facebook မှမိမိ၏ အကြောင်းအရာတစ်ခုခုကိုမေတ်ာတဆမှားဖျက်မိပြီး ၄င်းအားပြန်လိုချင်ပါသလား။ ထိုသို့ဆိုလျှင် Facebook Settings သို့သွားရောက်ပြီးနောက် သင့် Facebook data link ၏ Download a copy ကိုနှိပ်ပါ။ Start My Archive ကိုနှိပ်ပြီးနောက် သင့် Facebook စကားဝှက်ကိုရေးသွင်းပါ။ ထို့နောက် Submit ကိုနှိပ်ပါ။ Prompt box ကိုမြင်ရလိမ့်မည် ထို့နောက် Start My Archive ကိုထပ်နှိပ်ပြီး မိနစ်အနည်းငယ်မျှစောင့်ပြီးနောက် စကားဝှက်ထပ်မံရေးသွင်းရလိမ့်မည်ဤအဆင့်များပြီးသည့်နောက်တွင်ဖျက်ထားခဲ့သောသင့်အကြောင်းအရာကို ပြန်လည်ရရှိမည် ဖြစ်သည်။


၃။ Save လုပ်ပြီးနောက်မှ ပြန်ဖတ်နိုင်ခြင်း



သင် Facebook ပေါ်တက်သည့်အချိန်တိုင်း သတင်းအများ အပြားကိုတွေ့ရှိရမည်ဖြစ်ပါသည်။ ထိုသတင်းများထဲမှ အချို့ကိုသင်ဖတ်လိုသောလည်း အချိန်မရှိသောကြောင့်မဖတ်ဖြစ်ပါက ၄င်းသတင်းများအားလွဲချော်သွားပေတော့မည်ထိုအခါထိုသတင်းများကိုဖတ်လိုသောအချိန်တွင်ရှာမရဖြစ်လိမ့်မည်။ ထိုသို့ မဖြစ်စေရန်Facebook ကလုပ်ဆောင်မှု့ သစ်ကိုမိတ်ဆက်ပေးလိုက်ပါသည်။ ၄င်းလုပ်ဆောင်မှု့ကိုအသုံးပြုရန်dropdownခလုတ်အောက်ရှိSaveကိုနှိပ်ပြီးသိမ်းဆည်းနိုင်ပါသည်။ သင်သိမ်းလိုသောမည်သည့်ခေါင်းစဉ်ကိုမဆိုသိမ်းဆည်းနိုင်မည်ဖြစ်ပြီး၎င်းတို့အားပြန်လည်ရှာဖွေလိုသောအချိန်တွင် သင့် sidebar ရှိ Saved တွင်သွားရောက်ကြည့်ရှု့ နိုင်မည်ဖြစ်သည်။


၎။သင့် Facebook Profile ကို Page အဖြစ်တိုက်ရိုက်ပြောင်းခြင်း



သင့် Facebook Profile ကို Pageအ ဖြစ်ပြောင်းလိုပါသလား။ Profile to Page Migration သို့သွားရောက်ပြီးနောက်တွင် သင့် Page အတွက် အုပ်စုကိုရွေးချယ်ပါ။ နောက်စာမျက်နှာတစ်ခုတွင် အုပ်စုခွဲကိုရွေးချယ်ပြီးနောက် လိုအပ်သောအချက်အလက်များကိုဖြည့်ပါ။ နောက်ဆုံးအေနဖြင့် Get Startedကိုနှိပ်ပြီးညွန်ကြားသည့်အတိုင်းဆက်လက်ဆောင်ရွက်ပါဤသို့Pageအဖြစ်ပြောင်းလဲပီးနောက် Profile အဖြစ်ပြန်မပြောင်းနိုင်တော့ပါ။ထို့ ကြောင့်သင့် အချက်အလက်များကိုကြိုတင် သိမ်းဆည်းထားရန်လိုအပ်ပါလိမ့်မည်။


Post a Comment