Image

Android ၏ Version အသစ်ဖြစ်သော Android L ထွက်ခဲ့သည်မှာမကြာသေးေးသ်ာလည်း Googleအမှု့ဆောင်တစ်ဦးကAndroidMကိုဤနှစ်မကုန်ခင်ထုတ်မည်ဖြစ်ကြောင်းပြောကြားခဲ့
သည်။

Lollipop တွင်ပါဝင်လာခဲ့သော Material Design ကိုပြန်လည်ပြောင်းလဲမှု့  မပြုလုပ်သေးဘဲ
၎င်းပုံစံကိုထပ်မံဖြည့်တင်းမှု့ များပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

Android M သည်အလုပ်ခွင်များထဲအထိအသုံးပြုနိုင်စွမ်းရှိလိမ့်မည် ဟု
I/O အစီအစဉ်ဖော်ပြမှု့ တွင်ရေးသားထားသည်Blackberry၏အလုပ်ခွင်အ
တွင်းအသုံးချနိုင်မှု့ ကိုအစားထိုးနိုင်ရန်ဖြစ်သည်။ သို့သော်လည်း ကိရိယာတစ်ခု
တည်းတွင် ကွဲပြားသောလုပ်ဆောင်မှု့များပြုလုပ်နိုင်ရန် Android For Work
Program ဖြင့်လှုပ်ရှားမှု့အချို့ကိုပြုလုပ်ခဲ့သည်။ Android M သည် IT ဌာနများတွင်
တပ်ဆင်မှု့ များနှင့် ထိန်းချုပ်မှု့ များအထိပါလုပ်ဆောင်နိုင်မည်ဟုမျှော်လင့်ရသည်။
Android ပစ္စည်းများအားအလုပ်ခွင်အတွင်းအသုံးချ မှု့သည် တူညီသေိာပစ္စည်းများ
ထက်ပိုမိုဈေးသက်သာမည်ဖြစ်သည်။ Android M သည်လုပ်ငန်းကြီးများ
လုပ်ဆောင်မှု့ အထိ ပါဝင်နိုင်လိမ့်မည်။

လုံခြုံရေးဆိုင်ရာအချက်အလက်များလုပ်ဆောင်မှု့ကိုတိုးမြှင့်မည်ဟုထင်ရသည်။ Smart Lock
လုပ်ဆောင်မှု့ နှင့် အသုံးပြုသူအတည်ပြုနိုင်သည့်နည်းလမ်းများဖြင့် Android ကိရိယာများကို
ထိန်းသမ်းရန်ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

Android တွင် Google Now ၏လုပ်ဆောင်မှု့  များကိုမြင်တွေ့ခဲ့ရပီးဖြစိသည်အသံထိန်းချုပ်မှု့  များကိုAndroidပေါ်တွင်အသုံးချရန်နည်းလမ်းတစ်ခုအဖြစ်AndroidMတွင်ကိရိယာတစ်ခုလုံးအား
အသံဖြင့်ထိန်းချုပ်နိုင်မည်ဖြစ်ပြီးကိရိယာ၏မည်သည့်နေရာကိုမဆိုအသံဖြင့်သွားရောက်နိုင်မည်ဖြစ်သည်။

Android M အသုံးပြုသူများသည် ဖုန်း၏အချက်ပေးချက်များကိုအီးမေးအကောင့်များ၊ မက်ဆေ့များဖြင့်
ချိတ်ဆက်ထားပြီးနောက် ဖုန်းဖွင့်စရာမလိုပဲကြည့်ရှု့ နိုင်မည်ဖြစ်သည်။ ထို့အပြင် ဖုန်းစကရင်ပေါ်တွင်applicationများကိုတစ်ပြိုင်နက်တည်းဖွင့်လာနိုင်မည်ဖြစ်သည်ဟုဆိုသည်။

Android ကိုအသုံးချမှု့များအားချဲ့ထွင်လာမည်ဖြစ်ကြောင်းယုံမှားသံသယမရှိပါ။
Android M သည် TV များ၊ ကားများ၊ လက်ပတ်နာရီများစသည့်အသုံးအေဆာင်များ
အထိပါနေရာယူလာမည်ဖြစ်သည်။ AndroidMထည့်သွင်းတပ်ဆင်ထားသောကားကို
ထုတ်လုပ်တော့မည်ဟုလည်းသတင်းများထွက်နေသည်။ Android TV ကိုလည်းအရာများရှာဖွေနိုင်ရန်၊
ဂိမ်းများကစားနိုင်ရန် ဖန်တီးထားမည်ဖြစ်ကြောင်းသိရသည်။

Post a Comment