သင် smart phone စွဲနေပြီလား
သင် smart phone အားမသုံးရလျှင်မနေနိုင်ဘူးဖြစ်နေပြီလား။ ၄င်းကိုသိပ္ပံနည်းကျကျစမ်းသပ်ကြည့်ရအောင်။
Iowa State University မှ nomophobia ခေါ် no mobile phone phobia ဆိုသည့်စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုကိုတွေ့ရှိခဲ့သည်။ ၄င်းတွင် ဖုန်းသုံးစွဲမှု့ နှင့်ပတ်သက်၍ မေးခွန်း ၂၀ ပါဝင်သည်။
Nomophobia အားယနေ့ခေတ်လူငယ်များနှင့် နည်းပညာဆိုင်ရာပစ္စည်းများ အထူးသဖြင့်smart phone အကြား ဖြစ်ပေါ်နေသော ခေတ်ပေါ် စိတ်ရောဂါတစ်ခုအဖြစ်ယူဆနိုင်သည်။ ၄င်းမှာ ဖုန်းအားမသုံးရလျှင်မေနနိုင်ခြင်းဖုန်း၏အထောက်အပံ့မရှိဘဲမည်သည်ကိုမျှလုပ်ဆောင်နိုင်မည်မဟုတ်ဟု ထင်ခြင်းစသည့်အခြေအနေများပါဝင်သည်။ မေးခွန်းများအားဖန်တီးရာတွင် မဆက်သွယ်နိုင်ခြင်း၊ အဆက်အသွယ်ပြတ်တောက်ခြင်းအချက်အလက်များကိုမရယူနိုင်ခြင်းနှင့်အချက်အလက်များရှာဖွေရာတွင်လွယ်ကူမှု့မရှိခြင်းစသည့်အချက်အလက်များပေါ်တွင်မူတည်ပြီးလေ့လာသူများမှဘွဲ့ကြိုကျောင်းသား ၉ ဦးအား smart phone များအားမည်သို့အသုံးပြုသနည်းဆိုသည်ကိုမေးမြန်းခဲ့သည်။
သင် smart phone စွဲနေပြီလား။ တခုစီကို (လုံးဝေသဘာမတူ) မှ (လုံးဝသဘောတူ)အ ကြား ခန့်မှန်းပြီး စုစုပေါင်းကိုမှတ်သားထားပါ။ မိမိအပေါ်တွင် မိမိရိုးသားစွာဖြေဆိုပါ။
ဖုန်းမှတစ်ဆင့် အချက်အလက်များမရယူနိုင်သောအချိန်တွင် သက်တောင့်သက်သာမရှိသလိုခံစားရသည်။
သိလိုသောအချက်အလက်ကိုဖုန်းတွင်ရှာမရနိုင်သောအချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်သည်။
သတင်းများကိုဖုန်းတွင်မရရှိနိုင်သော အချိန်တွင် စိတ်ညစ်သည်။
လုပ်လိုသည်များကိုဖုန်းတွင် မလုပ်နိုင်သောအချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်သည်။
ဖုန်းဘက်ထရီကုန်မည်ကိုစိုးရိမ်သည်။
ဖုန်းလိုင်းမမိလျှင် သို့မဟုတ် ဝိုင်ဖိုင်မမိလျှင် ဖုန်းအားတသမတ်တည်းစစ်ဆေးနေလေ့ရှိသည်။
ဖုန်းထဲပိုက်ဆံကုန်ပြီဆိုလျှင် ဂဏာမငြိမ်ဖြစ်လာသည်။
ဖုန်းမသုံးဖြစ်လျှင် တစ်နေရာရာကိုသွားရန်ကြောက်ရွံ့နေလေ့ရှိသည်။
ဖုန်းကိုခဏခဏစစ်ကြည့်လိုစိတ်ရှိနေသည်။
ဖုန်းသာပါမလာဘူးဆိုလျှင်……..
မိသားစု၊ သူငယ်ချင်းများဆီသို့မဆက်သွယ်နိုင်မှာကိုစိုးရိမ်နေတတ်သည်။
မိသားစု၊ သူငယ်ချင်းများမိမိကိုမဆက်သွယ်နိုင်မှာကိုစိတ်ပူသည်။
Message နှင့် ဖုန်းခေါ်ဆိုမှု့ များကို မရရှိနိုင်သောကြောင့် စိတ်ပင်ပန်းသလိုခံစားရသည်။
မိသားစုနှင့် သူငယ်ချင်း သို့အဆက်အသွယ်ပြတ်သွားမည်ကိုမြဲတမ်းလိုလိုစိတ်ပူနေတတ်သည်။
တစ်ယောက်ယောက်က မိမိကိုဆက်သွယ်ရန်ကြိုးစားသည်ကို မသိလိုက်ရမည်ကို စိတ်ပူနေတတ် သည်။
Online အကောင့်များနှင့်ချိတ်ဆက်မှု့ ပြတ်တောက်သွားမည်ကိုစိတ်ပူနေတတ်သည်။
Social media များနှင့် အဆက်အသွယ်ပြတ်မည်ကိုစိုးရိမ်နေတတ်သည်။
ချိတ်ဆက်မှု့ များနှင့် ကွန်ယက်များမှ update များ၊ notification များကိုမစစ်ဆေးရလျှင် နေမထိထိုင်မသာ ဖြစ်တတ်သည်။
E-mail မစစ်မိလျှင် စိုးရိမ်ပူပန်နေတတ်သည်။
ဘာလုပ်ရမည်မှန်းမသိတော့ဘဲ ဖြစ်နေသည်။
တခုခုလိုနေသလိုခံစားရမည်။
သင့်ရမှတ်များအပေါ်တွင်မူတည်ပြီးအောက်ပါအဖြေများအားစစ်ဆေးကြည့်ပါ။
ဖုန်းစွဲနေခြင်းမဟုတ်ပါ။ သင်သည်ဖုန်းကိုမသုံးစွဲဖြစ်လျှင်လည်း မည်သည့်ပြသနာမှမရှိပါ။
အနည်းငယ်ဖုန်းစွဲနေသည်။ သင့်ဖုန်းကိုအိမ်မှာမေ့ကျန်ခဲ့သည်ရှိသော်စိတ်ပူနေမည်။ သို့သော်လွန်စွာ စိတ်ပူပန်ခြင်းမရှိပါ။
ဖုန်းကိုတော်တော်စွဲနေပါပြီ။ လမ်းပေါ်တွင်လမ်းလျှောက်နေရင်းဖြစ်စေ၊ စကားပြောနေရင်း လည်းဖြစ်စေ ဖုန်းကိုစစ်ဆေးနေတတ်သည်။ ဖုန်းမရှိပါကမနေတတ်သလိုဖြစ်နေလိမ့်မည်။
ဖုန်းအားမသုံးမနေနိုင်စွဲလမ်းခြင်း။ ဖုန်းမရှိဘဲ စက္ကန့် ၆၀ ပြည့်အောင်မနေနိုင်ပါ။ မနက်အိပ်ရာနိုးသည်နှင့် ပထမဆုံးဖုန်းကိုစစ်ဆေးပြီး ညဉ့်နက်သည်အထိ ဖုန်းကိုအချိန်တိုင်းလိုလို စစ်ဆေးနေတတ်သည်။ ၄င်းမှာအလွန်တရာဆိုးသောမိုဘိုင်းဖုန်းစွဲလမ်းမှု့ ဖြစ်သည်။
#ဖုန်းစွဲလမ်းခြင်းမှကင်းဝေးပါစေ#