ကြက်သား ရှူးရှဲငါးပိချက်
ပါဝင်ပစ္စည်းများ (၄ ဦးစာ)
ကြက်သား ၃၀ သား
ငါးပိရည်ကျိုပြီးသား လက်ဖက်ရည်ပန်းကန်းလုံး ၁ လုံး
ငရုတ်သီးစိမ်း အတောင့် ၃၀
ဟင်းခတ်မှုန့် အနည်းငယ်
ကြက်သွန်ဖြူ ၅ မြွှာ
ကြက်သွန်နီ ၄ ဥ
နနွင်းနဲ့ ဆား အနည်းငယ်
နံနံပင် အနည်းငယ်
ဟင်းချက်ဆီ အနည်းငယ်
အရောင်တင်မှုန့် အနည်းငယ်
ပြင်ဆင်ပုံ
ကြက်သားကို သန့်စင်ပြီး ပုံမှန်ထက် အနည်းငယ်သေးတဲ့ အတုံးလေးတွေတုံးပါ။
ဆား၊ နနွင်းတို့နဲ့ ခဏနှပ်ထားပါ။
ငရုတ်သီးစိမ်းတွေကို အညှာချွေပြီး ကြိတ် (သို့) ထောင်းထားပါ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီတို့ကို ထည့်ဆီသတ်ပါ။
ငရုတ်သီးအရောင်တင်မှုန့် ထည့်ပါ။
ငရုတ်နံ့ ပျောက်ပြီဆိုရင် နှပ်ထားတဲ့ကြက်သား ထည့်လုံးပါ။
နှံ့ပြီဆိုရင် ငါးပိရည်ကျိုထည့်ပါ။
ခဏထားပြီး ပွက်ပြီဆိုရင် ရေအနည်းငယ် ထည့်တည်ပါ။
အပေါ့အငန် လိုသလောက်ထည့်ပါ။
ထောင်းထားတဲ့ ငရုတ်သီးစိမ်းတွေ ထည့်မွှေပါ။
မြန်မာကြက်ကို သုံးတယ်ဆိုရင်တော့ သုံးရည်လောက်တည်မှ နူးပါတယ်။
အသားနူးလို့ ဆီပြန် ရေကျန် အချိန်လောက်ဆိုရင် နံနံပင်လေးခတ်ပြီး အိုးချနိုင်ပါပြီ။