Image

အစာအိမ်ရောဂါ ဆေးမဟာကြီး

ဆေးနည်း
-
၁။လက်ဖက်ခြောက်ကောင်းကောင်း(၁၀)ကျပ်သား
၂။နနွင်းမှုန့် စစ်စစ် (၁၀)ကျပ်သား
၃။ဆားသန့်သန့်အမှုန့်(၅)ကျပ်သား တို့ကိုအမှုန့်ပြုလုပ်၍
၎။ပျားရည်စစ်စစ် (၂၀)ကျပ်သား
၅။ရှောက်ရည် (၂၀)ကျပ်သားတို့နှင့်
သမအောင်နာနာမွှေပေးပြီး
အလုံးသေးသေးများလုံးထားရမည်။
အရိပ်အောက်မှာ အခြောက်ခံပါ။
တစ်နေ့သုံးလုံးသုံးကြိမ်၊ အစာမစားမှီကြိုတင်စားပါ။
ဆေးစားပြီးတစ်ပတ်အတွင်း အစာအိမ်ရောဂါ နှင့်
ဗိုက်နာဗိုက်အောင့် ၊ အကြောတက်ဝေဒနာများပါ
သိသိသာသာထူးခြား၍ သက်သာပျောက်ကင်းစေပါသည်။
အစာအိမ်ဝေဒနာရှင်သည်ဆီးမှန်ဝမ်းမှန်သွေးလေမှန်လာသည့်
အတွက်နာကျင်ခံခက်သော အစာအိမ်ရောဂါ
အတွက်နှင့်စိတ်မဆင်းရဲစေရတော့ပါ။
မိရိုးဖလာဆေးနည်းဖြစ်၍ ယုံယုံကြည်ကြည်သုံးစွဲနိုင်ပါ
ကြောင်းသတင်းကောင်းမျှဝေ၍
ဆေးဒါနအလှူတော်ကြီးပြုလိုက်ပါသည်။
သတ္တဝါအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
လူတိုင်းသက်တမ်းစေ့နေနိုင်ကြပါစေ။
Ashin Mingala (Bsc,A.G.T.I)

Post a Comment