Image

၁။ Project Gutenberg 
http://www.gutenberg.org/ 





စာအုပ်များစုံလင်သော Project Gutenberg ကို ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ဆိုဒ်များအများစုက အခမဲ့စာအုပ်များမှာလည်း ဤ Project Gutenberg ထံမှဖြစ်သည်။ လက်ရှိတွင် ကတ်တေလာက်ထဲ၌ စာအုပ်ပေါင်း ၄၅၀၀၀ အုပ်ထားရှိသည်။ အကယ်၍သင်သည်ရှေးဟောင်းဂန္တဝင်စာအုပ်များအားဖတ်လိုပါက ဤဆိုဒ်တွင်ရှာဖွေနိုင်ပါသည်။


၂။ Internet Archive
 https://archive.org/index.php 





InternetArchiveကို၁၉၉၆တွင်တည်ထောင်ခဲ့သည်အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီးစာအုပ်များပုံများဗီဒီယိုများနှင့်အသံဖိုင်များပါဝင်သည်စာအုပ်ပေါင်း၆၀၀၀၀၀၀ကျော်ကိုရရှိနိုင်ပြီး   https://archive.org/details/texts တွင်ကြည့်ရှုနိုင်ပါသည်စာအုပ်များကိုဖတ်ရန်ဖွင့်ထားသောစာအုပ်ပုံ၏ အောက်ခြေဘားပေါ်မှမြားကိုနှိပ်ရပါမည်အွန်လိုင်းပေါ်မှစာဖတ်ရာတွင်စကန်ဖတ်ထားသောစာရွက်များဖြင့်ဖတ်ရှု နိုင်ပါသည်။ Internet Archive ၏အံ့သြဖွယ်ရာတစ်ခုမှာ Text-To-Speech လုပ်ဆောင်မှု့ ပါဝင်ခြင်းဖြစ်သည်။


၃။ Open Library
 https://openlibrary.org/ 





ဤဆိုဒ်မှာ စာအုပ်ကို Online ပေါ်တွင်တိုက်ရိုက်ဖတ်ရှု နိုင်သည်။ ဤဆိုဒ်မှာ Internet Archive ၏အခြားဆိုဒ်တစ်ခုဖြစ်သည်။ အဓိကအားဖြင့် စာကြည့်တိုက်စာအုပ်များကိုစုဆောင်ထားရှိသည်။ ပုံနှိပ်ထားသမျှစာအုပ်တိုင်းအတွက် ဝက်ဘ်စာမျက်နှာတစ်ခုဖန်တီးရန်အတွက်ဖြစ်သသည်။ စာအုပ်တစ်အုပ်စီ၏စာမျက်နှာတိုင်းတွင် ၄င်း၏ ထုတ်ခဲ့သမျှစာအုပ်အားလုံးကိုကြည့်ရှု နိုင်မည်ဖြစ်သည်။ ဤဆိုဒ်တွင် စာရေးဆရာပေါင်း ၆ သန်းနှင့် စာအုပ်ပေါင်း သန်း ၂၀ ရှိသည်။ ခေါင်းစဉ်ပေါင်း ၂ သန်းခန့်ကိုရှာဖွေနိုင်သည်။ စာအုပ်တစ်အုပ်ကိုရှာဖွေလိုက်သည်နှင့် သင်Online ပေါ်တွင်ဖတ်နိုင်မလားဆိုသည်ကိုသိရှိနိုင်မည်ဖြစ်သည်။


၎။ Google Books
 https://books.google.com/?hl=en 





Google မှစကန်ဖတ်ပြီး အလွယ်တကူဖတ်နိုင်သောဖိုင်များအ ဖြစ် ပြောင်းလဲထားသည့် စာအုပ်စုဆောင်းမှု့ များကို Google တွင်တွေ့ရှိနိုင်သည်။ Google Books ၏မူရင်းစာမျက်နှာမှာ SearchBoxတစ်ခုသာဖြစ်သည်စာရေးဆရာအမည်သို့မဟုတ်စာအုပ်အမည်ကိုရေးသွင်းပြီးရှာဖွေနိုင်သည်။  အခမဲ့ကြည့်ရှု နိုင်သော စာအုပ်များရှိသလို ပိုက်ဆံပေးဝယ်ရမည့်စာအုပ်များလည်းရှိသည်။ အခမဲ့မဟုတ်သောစာအုပ်များတွင် စာမျက်နှာတစ်ချို့ကိုသာပြသပေးမည်ဖြစ်သည်။


၅။ Scribd.com
 https://www.scribd.com/mobile 





ဤဆိုဒ်ကိုစာအုပ်ဖိုင်များ၏YouTubeဟုခေါ်ဆိုကြသည်သန်းပေါင်းများစွာသောစာရွက်စာတန်းများကို ဤဆိုဒ်တွင်ရှာဖွေနိုင်သည်။ ရုပ်ပြစာအုပ်များ၊ Presentation များ၊ ဘောက်ချာစာရွက်များ စသည်ဖြင့်ဖြစ်သည်။Scribd သည်လာရောက်လည်ပတ်သူများကိုစာအုပ်များအားနည်းလမ်း ၂ မျိုးဖြင့်ဖတ်ခွင့်ပေးသည်။ လစဉ်အေခကြးငွေပးပြီးဖတ်ခြင်းနှင့် အခမဲ့ဖတ်ခြင်းဖြစ်သည်။ သင်ဖတ်သောစာအုပ်များကိုလည်းမျှဝေနိုင်သည်စာအုပ်အားသင့်ဝက်ဘ်ဆိုဒ်ပေါ်တွင်လည်းမျှဝေနိုင်သည်စာအုပ်၏စာမျက်နှာကိုဖွင့်လိုက်သည်နှင့်မာတိကာချက်ချင်းပေါ်လာသည်အောက်သို့ဆွဲချလိုက်လျှင် အပေါ်မှToolbarနှင့်DownloadWidgetမှလွဲ၍ကျန်သည့်အရာအကုန်လုံးအားဖျောက်ထားပေးသည်။
မိမိရဲ့ဖုန်းထဲကနေဖတ်ချင်တယ်ဆိုရင်တော့  👀 ဒီမှာဒေါင်းယူလိုက်ပါ 👀


Post a Comment