Image

ယနေ့ခတ်တွင်လူအများစုသည် အိပ်ရာထဲတွင်အိပ်သည့် အချိန်ထက်ကွန်ပျူတာကို သုံးစွဲသည့်အချိန်ကပိုများပါသည်။ အလုပ်ခွင်အတွင်းကွန်ပျူတာသုံးစွဲခြင်းဖြင့် ကောင်းမွန်သော အကျိုးကျေးဇူးများရရှိနိုင်သောကြောင့် ကွန်ပျူတာသည်မရှိမဖြစ်ပစ္စည်းတစ်ခုဖြစ်လာသည်။

သင့်ခန္ဓာကိုယ်အားဂရုစိုက်ပါ။ ကြာမြင့်စွာထိုင်ခြင်းသည်သင့်အား ပြင်းထန်သောထိခိုက်မှု့  ဖြစ်စေလိမ့်မည်။ စခရင်အားနာရီပေါင်းများစွာစူးစိုက်ကြည့်ခြင်းသည် မျက်စိကိုက်ခြင်းဖြစ်စေသည်။ စာရိုက်ခြင်းနှင့် mouse ကိုအသုံးပြုခြင်းသည်အ ကြောတက်ခြင်းဖြစ်တတ်ပြီး မှားယွင်းသော ခန္ဓာကိုယ်ပုံစံသည်နောက်ကျောနာကျင်ခြင်းနှင့် လည်ပင်းနာခြင်းတို့ဖြစ်ပေါ်စေတတ်သည်။ ထိုသို့ 
မဖြစ်စေရန်...

Monitor နှင့်မျက်လုံးကိုတစ်တန်းတည်းထားပါ။ဦးခေါင်းအားမတ်မတ်ထားပါ။ပခုံးများနှင့်နောက်ကျောကိုဖြေလျှော့ထားပါ။စာရိုက်သောအချိန်တွင် လက်ကောက်ဝတ်များကိုတံတောင်ဆစ်နှင့်တစ်ဖြောင့်တည်းထားပါ။ခဏခဏမျက်လုံးကိုအနားပေးပါ။ကျောမှီပါသောခုံကိုအသုံးပြုပါ။စာရိုက်သောအခါတွင်
Shortcut များအားအသုံးပြုပါ။

စာရိုက်ရာတွင် မြန်ဆန်ပြီးမှန်ကန်စေရန် Online Free Lesson များမှသင်ယူနိုင်ပါသည်။ Chrome အတွက် Typing Lessoon များကို ♻  ဒီနေရာမှာ ♻
ရယူနိုင်ပါသည်။ ၄င်းသင်ခန်းစာများမှာရိုးရှင်းလွယ်ကူပါသည်။ သင့်စာရိုက်နုန်းကို  ♻  ဤနေရာတွင် ♻စစ်ဆေးကြည့်နိုင်ပါသည်။


Post a Comment