Image

"ယနေ့ခေတ် အိမ်ထောင်ပြိုကွဲမှုများ၏ တရားခံမှာ facebook ဖြစ်နေ"

ယနေ့မျက်မှောက်ခေတ် အိမ်ထောင်ရေးပြိုကွဲခြင်းရဲ့ နောက်ကွယ်မှာ လူမှုကွန်ယက်တွေဖြစ်တဲ့ facebook, twitter တို့က အဓိကတရားခံတွေ ဖြစ်နေကြောင်း လေ့လာမှုစစ်တမ်းတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။

အိမ်ထောင်ပြိုကွဲမှု ပိုများလာတာဟာ ဒီလိုလူမှုကွန်ယက်တွေကြောင့် အဓိကဖြစ်နေကြောင်းကို ရှေ့နေတွေက ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ထောင်ပြိုကွဲမှု ၇ ခုမှာ အနည်းဆုံး ၁ ခုလောက်က သူတို့ခင်ပွန်း၊ ဇနီးသည်တွေရဲ့ facebook သုံးစွဲမှုကြောင့် ပြဿနာဖြစ်နေရပါတယ်။ ကိုယ့်ခင်ပွန်း၊ ဇနီးသည်ရဲ့ လူမှုကွန်ယက် အကောင့်တွေကို ခြေရာခံရင်း ဖောက်ပြားမှုရှိ၊ မရှိ စုံစမ်းမှုမှတဆင့် အိမ်ထောင်ကွဲမှုတွေ ပိုမိုဖြစ်လာလျှက်ရှိကြောင်း လေ့လာမှု လုပ်ခဲ့တဲ့ ရှေ့နေတွေက ဆိုပါတယ်။

ဒီလေ့လာချက်ကိုSlaterandGordonဆိုတဲ့ရှေ့နေအတိုင်ပင်ခံကုမ္ပဏီတစ်ခုကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးပေါင်း ၂၀၁၁ ဦးကို မေးမြန်းပြီးနောက် ဒီလိုအဖြေထွက်လာခဲ့တာဖြစ်ပါတယ်အိမ်ထောင်သည်ငါးဦးမှာတစ်ဦးခန့်ကသူတို့အိမ်ထောင်ဖက်တွေရဲ့ facebook အသုံးပြုမှုကြောင့် နေ့စဉ် စကားများရန်ဖြစ်နေကြရကြောင်း ဝန်ခံထားကြပါတယ်။

‘‘လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက facebook လို ဝက်ဘ်ဆိုက်တွေကတဆင့် ဒီပြဿနာတွေ ဖြစ်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ သိပ်တောင်မထူးဆန်းတော့ပါဘူး’’ လို့ ရှေ့နေ နယူးဘာရီက ပြောပါတယ်။ တစိမ်းများနဲ့ စကားပြောထားခြင်း၊ တဖက်သားကို စွဲဆောင်တဲ့ပုံများတင်ခြင်း စတဲ့ လုပ်ရပ်တွေကြောင့် အိမ်ထောင်သည်တွေဟာ ကွာရှင်းတဲ့အထိ ဖြစ်လာကြရပါတယ်။

http://www.planet.com.mm

Post a Comment