စကားပြောရာတွင် လိုအပ်သော အင်္ဂါရပ် (၁ဝ) ပါး
စကားပြောရာတွင် လိုအပ်သော အင်္ဂါရပ် (၁ဝ) ပါးကို သိပါသလား။
လူတစ်ဦးနှင့်တစ်ဦး ပြောဆိုပေါင်းသင်းဆက်ဆံကြရာတွင် စကားအရာ၌ လိမ္မာပြေပြစ်ကျနစွာ
ပြောဆိုတတ်လျှင်လည်း အများသူငါထက် အစစအရာရာတွင် အဆင်ပြေတတ်လေသည်။ စကားဟူသည်
ပြောတိုင်းလည်း မမှန်ကန်တတ်။ အဆင်မပြေ ဖြစ်တတ်သည်။ ထို့အတွက် စကားပြောဆိုရာတွင်
အောက်ပါအချက်များအား မှတ်သားလိုက်နာသင့်ပေသည်။
၁။ ပြောချိန်၊ ပြောခွင့်သင့်မှ ပြောဆိုခြင်း။.
၂။ ဟုတ်မှန်သောစကားကို ပြောဆိုခြင်း။
၃။ တရားနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း။
၎။ အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း။
၅။ ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း။
၆။ ပြုံးရွှင်ခြင်းကို ရှေးဦးပြု၍ပြောဆိုခြင်း။
၇။ မပိုမလွင် ချင့်ချိန်၍ ပြောဆိုခြင်း။
၈။ အဆောတလျှင် မပြောဆိုခြင်း။
၉။ မြို့ကြီးသူ မြို့ကြီးသားတို့၏ ဓလေ့ထုံးကိုလိုက်၍ ပြောဆိုခြင်း။
၁ဝ။ သန့်ရှင်းသေချာ အက္ခရာ ဋ္ဌာန်ကရိုဏ်း ကျအောင် ပြောဆိုခြင်း။