ကမ္ဘာကျော်အမေရိကန်ဂျစ်ကားCherokeeဟာမြန်မာဈေးကွက်နဲ့သိပ်မစိမ်းလှပါဘူးယခင်ဗဟိုချုပ်ကိုင်ပြီးကားတင်သွင်းခွင့်ရတဲ့ကာလကတည်းကCherokeeဂျစ်ကားတွေကိုလမ်းမထက်မှာမြင်တွေ့နေကျဖြစ်ပါတယ်နောက်ထပ်တစ်ကြောင်းကလည်းဂျစ်ကားဟာမြန်မာလူမျိုးတို့ရဲ့ကားအသုံးပြုမှုသမိုင်းစဉ်တစ်လျှောက်မှာ အရေး ပါခဲ့တယ်မဟုတ်ပါလား။
ဒီတစ်ပတ်မှာတော့ အမေရိကန် Jeep ချစ်သူများ အတွက် 2016modelJeepGrandCherokee နဲ့မိတ် ဆက်ပေးလိုက်ပါတယ်။ ၂ဝ၁၄ခုနှစ်ကတည်းက ထုတ်လုပ် ခဲ့တဲ့ နောက်ဆုံးမျိုးဆက်သစ်ဖြစ်တဲ့ Cherokee ဟာဈေး ကွက်မှာအောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့ပြီး ယခုဖော်ပြ မယ့် 2016 model မှာလည်း ကားရဲ့အတွင်းအပြင် အစိတ် အပိုင်းတွေကို အဆင့်မြှင့်တင်ထားခဲ့ပါတယ်။ ဥပမာအနေ နဲ့ 2016 Cherokee model သစ်မှာ Full time 4WD စနစ်၊ စွမ်းဆောင်ရည်မြင့်မားတဲ့Brembo break System နည်းပညာသစ်ဖြစ်တဲ့ Hill Start assist,HilldecentControlစတဲ့Featrues များအပြင်ပိုမိုသက်သောင့်သက်သာဖြစ်စေမယ့်DrivingMoodတွေနဲ့အဆင့်မြင့်ထိန်းချုပ်မောင်းနှင်နိုင်မှုတွေ၊ ငြိမ့်ညောင်းသက်သာစေမှုတွေ ပါ အဆင့်မြှင့်ထားတယ်လို့ဆိုပါတယ်။

2016 Model မှာဘီးအကျယ်လက်မ၂ဝရှိအလွိုင်းခွေတပ်ဆင်ထားပြီးပိုမိုကျယ်ဝန်းတဲ့Wheelbase ပေါ်မှာတည်ဆောက်ထားတာကြောင့်တည်ငြိမ်မှုအားပိုမိုကောင်းမွန်ပါတယ်ရှေ့ပိုင်းဆိုင်းထိန်းစနစ်တွေကိုဒီဇိုင်းအသစ်ပြုလုပ်ထားရုံမကရှေးမီးကြီးနဲ့အောက်မီးတွေကိုလည်းLEDheadlampsတွေနဲ့အစားထိုးအဆင့်မြှင့်တင်ထားပါတယ်ထူးခြားမှုနောက်တစ်ခုကတော့အဆင့်မြှင့်တင်ထားတဲ့ထိန်းချုပ်မောင်းနှင်မှုအထူးကောင်းမွန်စေမယ့်Steeringစနစ်ပဲဖြစ်ပြီးGrandChoeokee2016ရဲ့နောက်တံခါးကို ပိုမိုကျယ်ပြန့်တဲ့ဒီဇိုင်းနဲ့အဆင့်မြှင့်ထား ပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့စွမ်းအား မြင့် Aerodynamic Spoiler နဲ့ Twin Exhaust တွေကို တပ်ဆင်ပေးထားပြီး ဒီဇိုင်းသစ် LED Tailightနဲ့နောက်Bumperတွေကြောင့်Cherokee2016ရဲ့အသွင်အပြင်ဟာပြောစရာမလိုအောင်ရှိနေမှာဖြစ်ပါတယ်အတွင်းခန်းမှာတော့မိသားစုငါးဦးသက်သောင့်သက်သာစီးနင်းနိုင်မယ့်အကျယ်အဝန်းနဲ့ ဝန်စည်အလွယ်တင်ဆောင်နိုင်မယ့် Luggage Room အဆင့်မြင့် Premium Leather တွေနဲ့ချုပ်လုပ်ထားတဲ့ထိုင်ခုံတွေမောင်းနှင်သူလွယ်ကူစွာအသုံးပြုနိုင်မယ့်အဆင့်မြင့်သတင်းအချက်အလက်နဲ့ ဖျော်ဖြေ ရေးသုံးစနစ်(Interactive Infotainment System) ၊ ကမ္ဘာကျော် Harman Kardon ကား Audio စနစ်၊ အကျယ် ၈ဒသမ ၄လက်မရှိထိတွေ့မျက်နှာပြင် တီဗွီ၊ Navigation and Information System နောက်ထိုင်ခုံ အတွက်BluerayEntertainmentစနစ်တွေပါဝင်တဲ့ အဆင့်မြင့်ဖျော်ဖြေရေးစနစ်တွေ တပ်ဆင်ပေးထားပါတယ်။
2016ModelGrandCherokeeမှာတော့2015Modelထက်အဆင့်မြှင့်တင်ထားတဲ့မြင်းကောင်ရေ၁၉ဝရှိ3.0LEcoDieselV6အင်ဂျင်တပ်ဆင်ပေးထားပြီးဆီစားနှုန်းအထူးသက်သာရုံမကကာဗွန်ထုတ်လွှတ်မှုကို ပါ အထူးလျှော့ချပေးထားပါတယ်။ 2016 Model Grand Cherokee မှာတော့ အော်တိုဂီယာရှစ်ချက်ပါဂီယာစနစ်တပ်ဆင် ထားပြီး အင်ဂျင်ရွေးချယ်မှုအနေနဲ့မြင်းကောင်ရေ ၂၇၅ရှိ 3.6 L V6 Pentaster အင်ဂျင် (with paddle shift control) အင်ဂျင်ပါဝါ ၅.၇ ရှိ V8 Hemi အင်ဂျင်တပ်ဆင်ပြီးမြင်းကောင်ရေ၃၆ရုန်းအား၇၄ဝဝLbSရှိတဲ့အမျိုးအစားတွေလည်းရနိုင်မှာဖြစ်ပါတယ်။ လုံခြုံရေးစနစ် အနေနဲ့အဆင့်မြင့်လေအိတ် ၁ဝလုံး၊ Cross Path De-tection, Adaptive Cruise Control, Blind Spot Monitorint စနစ်များတပ်ဆင်ပေးထားပါတယ်။ ပြိုင်ဘက်အနေနဲံ့Honda CR-V, Toyota RAV4 တို့ ပဲဖြစ် ပါတယ်။
အထူးပြုအနေနဲ့GrandCherokee2016မှာဆီစားနှုန်းအထူးသက်သာစေရမယ်လို့အာမခံပေးထားတာတွေ့ရပါတယ်အကြမ်းဖျဉ်းဆီစားနှုန်းကတော့မြို့တွင်းတစ်ဂါလံ၂၂မိုင်နှုန်းနဲ့မြို့ပြင်၃၁မိုင်နှုန်းအသီးသီးရှိ ကြောင်း သိရပါတယ်။ ကုမ္ပဏီအနေနဲ့ တရားဝင်ဈေးကွက် ကို ဖြန့်ချိပေးမယ့်ရက်ကိုတော့ အတိအကျထုတ်ပြန်ထားတာမရှိပေမယ့်၂ဝ၁၅နှစ်ကုန်နဲ့၂ဝ၁၆နှစ်ဆန်းပိုင်းတွေမှာရောင်းချပေးသွားဖွယ်ရှိတယ်လို့ဆိုပါတယ်။ ဈေးနှုန်း များကတော့ အခြေခံဈေးနှုန်းအမေရိကန်ဒေါ်လာ၃၂ဝဝဝ ကနေပြီး More Luxurious versionဆိုရင်တော့ဒေါ်လာ၄၉ဝဝဝအထိရှိနိုင်ကြောင်းခန့်မှန်းပေးထားပါတယ် ။