Image

ဆိုကြပါစို့... ကျနော်တို့ ကမ္ဘာမြေကြီးဟာ အခေါင်းပေါက်ကြီး ဆိုပါစို့...

ကမ္ဘာကြီးရဲ့ အတွင်းပိုင်းမှာ ဘာတွေရှိနေတာလဲ?
ဘယ်ကနေ ဘယ်လို အဲ့ဒီကမ္ဘာ့ ကုန်းတွင်းပိုင်းကို သွားရမှာလဲ?
အဲ့ဒီ အခေါင်းပွ ကမ္ဘာမြေကြီးထဲမှာ ဘယ်လိုလူသားတွေ နေထိုင်နေကြတာလဲ?

ဆိုတာတွေက စဉ်းစားစရာ ဖြစ်လာပါပြီ။

'Hollow Earth Theory' အယူအဆအရ ကျနော်တို့ ကမ္ဘာမြေကြီးဟာ ထုထည်အတိပြီးတဲ့ စက်လုံးကြီးမဟုတ်ပဲ အတွင်းပိုင်းမှာ ကမ္ဘာမြေအသစ်တစ်ခု တည်ရှိတယ်လို့ ယုံကြည်နေကြတာပါ။ ထိုကမ္ဘာမြေသစ်ကြီးမှာ နေတစ်စင်းရှိပြီး ကုန်းမြေတောတောင် များဟာလည်း အလွန်တရာ သာယာလှပနေတယ်လို့ ယူဆကြတာပါ။ ထိုတောတောင်တွေထဲမှာ ကျနော်တို့ကမ္ဘာမြေမှ မျိုးတုန်းပျောက်ကွယ် သွားတဲ့ ဒိုင်နိုဆောများ, အမွေးရှည်ဆင်ကြီးများ, အစွယ်နှစ်ခွ ကျားကြီးများအပြင် သတ္တဝါဆန်း အမျိုးမျိုးဟာ ကျနော်တို့ကမ္ဘာမြေကြီးမှတဆင့် ရေကြည်ရာမြက်နုရာ ကမ္ဘာသစ်ကြီးသို့ ပြောင်းရွှေ့သွားတယ်လို့ ယုံကြည်နေကြတာပါ။ အခြားသက်ရှိမျိုးနွယ်စု တွေဟာလည်း မိမိတို့ကမ္ဘာမြေကြီးက လူသားတွေထက် အတတ်ပညာ ခွန်အား ဥာဏ်ပညာအရာ တွေမှာ အလုံးစုံသာလွန်တဲ့ လူသားမျိုးနွယ်စုတွေ နေထိုင်နေတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ကျနော်တို့ ကမ္ဘာမြေပြင်မှာ ရံဖန်ရံခါတွေ့ရတဲ့ UFOs လို့ခေါ်တဲ့ ဂြိုလ်သားတွေ ပန်းကန်ပြားပျံတွေဟာ ထိုကုန်းတွင်းပိုင်း ကမ္ဘာမြေကြီးက လာတယ်လို့လည်း ယူဆကြပါတယ်။ယုတ်ဆွအဆုံး အတ္တလန်တစ်မြို့တော်ကြီးက လူသားတွေဟာ အဲ့ဒီနေရာကို ပြောင်းရွေ့သွားတာလို့ မှတ်ယူထားကြတာပါ။တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ယင်းမြေအောက် ကမ္ဘာကြီးသို့ တောင် နှင့် မြောက်
ဝင်ရိစွန်းများကနေတဆင့် မိမိတို့ လူသားတွေ ဝင်ရောက်နိုင်လိမ့်မယ် ဆိုပြီး ယုံကြည်ခဲ့ကြသူတွေ ဒုနှင့်ဒေး ရှိနေခဲ့ကြပါသည်။ ထိုမြေအောက်ကမ္ဘာသစ်ကြီး သို့မဟုတ် အခေါင်းပွကမ္ဘာမြေကြီး ရှိသည်ဟု ယူဆချက်များသည် တစ်သီးပုဂ္ဂလ တည်ရှိနေသော ယူဆချက်မဟုတ်ပဲ ဘာသာရေးဆိုင်ရာ ယူဆချက်များနှင့် ဒွန်တွဲလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ဥပမာ ကျနော်တို့ ;

- ဗုဒ္ဓဘာသာ၏ ငရဲကြီး ၈ ထပ်ရှိသည်ဟု ယုံကြည်ခြင်း
- ဂရိတို့၏ Haedes အုပ်စိုးရာ မြေအောက်ကမ္ဘာရှိခြင်း
- ခရစ်ယာန်တို့၏ Hell ရှိသည်ဟု ပြောဆိုခြင်း
- ဂျူးဘာသာဝင်တို့၏ ရှိုးလ် (Sheol) စသော အယူရှိခြင်း

တို့ကြောင့် မြေအောက်ကမ္ဘာရှိသည့် ယူဆချက်ကို ဘာသာရေးအများစုက ယုံကြည်နေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

၁၈၁၈ တွင် John Cleves Symmes, Jr. ဆိုသူက မိမိတို့ကမ္ဘာမြေကြီးသည် ကီလိုမီတာ ၁၃၀၀ ( မိုင်ပေါင်း ၈၀၀ ခန့် ) ထူသော အခေါင်းပွ ကမ္ဘာကြီးဖြစ်ပြီး တောင်နှင့်မြောက် ဝင်ရိုးစွန်းများတွင် မိုင် ၁၄၀၀ ကျယ်သော အခွံလေးလွှာရှိသည့် ဝင်ပေါက်များရှိသည်ဟု ဖော်ပြခဲ့ပြီး လေ့လာရေးအဖွဲ့နှင့် မြောက်ဝင်ရိုးစွန်းသို့ သွားရောက်၍ ရှာဖွေလေ့လာသင့်သည်ဟု အဆိုပြုခဲ့သော်လည်း ထိုအချိန်က အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသော Andrew Jackson က ပယ်ချခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းတွင် ဟစ်တလာ၏ သူးလ် (Thule Society) ဟူသော လျို့ဝှက်အဖွဲ့အစည်းသည် တိဘက်ဒဏ္ဍာရီ၏ အချက်အလက်များအရ တောင်ဝင်ရိုးစွန်း အန္တာတိက သမုဒ္ဓရာမှနေ၍ အခေါင်းပေါက်ကမ္ဘာမြေကြီး၏ ဝင်ပေါက်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရှိရပါသည်။ ထိုအချင်းအရာကို ၁၉၄၄ ခုနှစ်တွင် ဟစ်တလာ၏ ရေငုပ်သဘောင်္တပ်မှုးတစ်ဦးဖြစ်သူ Admiral Donitz ၏ သတင်းပို့ချက်ကို ကြားဖြတ်ဖမ်းယူ နားဆင်ရာမှ သိခဲ့ရပါသည်။ ထိုသတင်းပို့ချက်တွင် Donitz မှ ဟစ်တလာအား ' ဂျာမန်ရေငုပ်သဘောင်္ တစ်အနေဖြင့် ကမ္ဘာပေါ်တွင် မည်သူမျ သိရှိထားခြင်းမရှိသော နေရာတစ်ခုတွင် ခံတပ်စခန်းတစ်ခု တည်ဆောက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း' အံ့ဖွယ်သတင်းပို့ခဲ့ပါသည်။ Donitz အား နူရင်ဘတ်ခုံရုံးတွင် စစ်ဆေးထားမှုမှတ်တမ်းတွင်လည်း 'မိမိတို့သည် မမြင်နိုင်သော ခံတပ်မဟာကြီးတစ်ခုကို ထာဝရတည်ရှိနေသော ရေခဲပြင်ကြီးပေါ်တွင် တည်ဆောက်ခဲ့သည်' ဟူသော စစ်ချက်ကိုလည်း မှတ်တမ်းများတွင် တွေ့ရှိရမည်ဖြစ်သည်။
ထိုသတင်းအချက် အလက်များပေါ်တွင် မူတည်၍ ဟစ်တလာသည် သူ၏နောက်ဆုံးနေ့များတွင် ယင်းတို့ရှာဖွေတွေ့ရှိထားသော တောင်ဝင်ရိုးစွန်းရှိ မြေအောက်ကမ္ဘာသွားရာ လမ်းကြောင်းမှ ထွက်ပြေးလွတ်မြောက် သွားသည်ဟု ယုံကြည်သူအမြောက်အများလည်း ရှိနေခဲ့ပါသည်။ ထို့အပြင် လက်ရှိအချိန်ရှိ ကနေဒါနိုင်ငံတွင် တည်ရှိနေသော Hollow Earth Research Society အဆိုအရ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဂျာမနီနှင့် အီတလီနိုင်ငံမှ သိပ္ပံပညာရှင် ၂၀၀၀ ကျော်နှင့် လုပ်သားပြည်သူ တစ်သန်းခန့်တို့သည် ထို တောင်ဝင်ရိုးစွန်းတစ်ဝိုက်တွင် ထူးဆန်းစွာပျောက်ကွယ် သွားကြသည်ဟု ဖော်ပြခဲ့ပါသည်။ယခုအချိန်တွင် ထိုအခေါင်းပွ ကမ္ဘာမြေကြီးယူဆချက် များသည်ပိုမို ရှုပ်ထွေးလာသကဲ့သို့ နာဇီဂျာမနီတို့ တီထွင်ထုတ်လုပ်သည်ဟု ယူဆနေကြသော ပန်ကန်ပြားပျံ ကိစ္စသည်လည်း အဖြေရှာမရပဲ ဖြစ်လာခဲ့ပါသည်။

ဒါကြောင့် ဟစ်တလာနဲ့ သူ့အပေါင်းအပါတွေဟာ မြေအောက်ကမ္ဘာကြီးဆီသို့ လွတ်မြောက်သွားကြတာလား ???
ကျနော်တို့ ကမ္ဘ္ဘာမြေကြီးမှာ တစ်ခါတစ်ရံ တွေ့မြင်နေရတဲ့ပန်ကန်ပြားပျံတွေကကော နာဇီတွေနဲ့ ဆက်စပ်နေခဲ့တာလား ???

အများတွေးထင်နေကြသလို ကမ္ဘာမြေကြီးပူနွေးလာတာနဲ့အမျ ဝင်ရိုးစွန်းတွေက ရေခဲပြင်ကြီးတွေ အရည်ပျော်သွားတဲ့ တစ်နေ့ကျရင်ကော လျို့ဝှက်စွာတည်နေတဲ့ မြေအောက်ကမ္ဘာသို့ သွားရာလမ်းကြောင်းကြီးတွေ ပေါ်ပေါက်လာမှာလား ???

ပျောက်ဆုံးနေတဲ့ အတ္တလန်တစ် ရွှေမြို့တော်ကြီးက ခေတ်လွန်လူသားတွေဟာ တကယ်ပဲ မြေအောက်ကမ္ဘာကြီးမှာ နေထိုင်နေကြတာလား ???

ဆိုတာတွေကတော့ လူသားတွေ ဖြေရှင်းမရတဲ့ ပုစ္ဆာတစ်ခုအနေနဲ့ ကျန်ရှိနေဦးမှာ ဖြစ်ပါကြောင်း......


Post a Comment