အန်တီလေးများ … သို့
ဆက်ပဲ ကူးရတော့ မလို 
ကမ်းပဲ ပြန်လှည့်ရတော့ မလို 
တွေဝေနေရင်တော့ ရေနစ်တော့မယ့်အဖြစ် 
သင်တန်း ကလပ်စ်ကလည်း မတက်ချင် 
ဒေးကလပ် မသွားသင့်တော့သလို 
ကျိုက်ကလပ်ဘုရားလည်း မသွားချင်သေးဘူး 
ဝတ္တု တစ်အုပ်ဆို … 
နိဒါန်းလည်းမက နိဂုံးလည်းမကျ 
ကျော်ဖတ်လို့လည်းမရတဲ့ စာမျက်နှာတွေ 
၁၆ . ၁၈ လို တခစ်ခစ်လည်း မရယ်ရဲ 
၃၀ + လို ခပ်မာမာလည်း မနေရဲ 
ဒေါက်လည်း မစီးသင့် 
စလစ်ပါလည်း မစီးချင် 
စကတ်လည်း မဝတ်သင့် 
ပါတိတ်အရောင်တုံးလည်း မဝတ်ချင်တဲ့အရွယ် 
တကယ့်ကို ဇကောဇက 
အစိမ်းလား ဆိုတော့လည်း မဟုတ်သေး
အမှည့်လား ဆိုတော့လည်း မဟုတ်ပြန်ဘူး 
၁၀၀ ပဲ ပေးစီးရ မလို 
၂၀၀ ပဲ ပေးစီးရ မလို 
တစ်ကယ့်ကို ဇကောဇက ခရီး . . . 
အရှင်ဆန္ဒာဓိက စာအုပ်လည်း ဖတ်သင့် 
ဂျူး စာအုပ်လည်း ဖတ်ချင် … 
အာနာပါနကို ရှု့ချင်သလို 
ကိုကို / မောင်မောင် လို့လည်း ချွဲချင်သေးတယ့် အချိန် 
ကံကြမ္မာက မောင်မောင်အေးကြီး လေသံနဲ့ 
ဒီနေရာမှာ ရပ်ရင် 
ဆရာဝန် ရမယ် 
အင်ဂျင်နီယာ ရမယ်
ကဗျာဆရာ ရမယ် နဲ့ လာလာညှိတယ် . . . 
မစီးဖူး ဆိုရင်တော့ 
တစ်သက်တာ လုံး 
လမ်းလျှောက် ရတော့မှာ ကျိန်းသေတယ် … 
နောက် Bus နည်းနည်းတော့ လာနိုင်ပါသေးတယ် 
ဒီ Bus နဲ့ လိုက်သွားလည်း ဖြစ်တယ် 
( အဲကွန်းပါ / မပါတော့ ကံတရားပဲ ) 
*124# ဆိုပြီး လက်ကျန်သက်တမ်းကို ပြန်ကြည့်ရင်း 
ကောင်လေး ချောချောလေး တစ်ယောက်လောက် 
အချိန်ရှိတုန်း ဒေါင်းလော့ ဆွဲထားသင့်တယ့် အရွယ် . . . 
Credit - ကိုလင်း











 







